Sunday, July 21, 2013

Facebook မှာ online မှာဖြစ်ပေမယ့်လဲ တခြားသူတွေ offline လို့မြင်ရအောင်

ဥပမာ အကြောင်းအမျိုးမျိုးကြောင့် ဖေ့ဘုတ်မှာ ကိုယ့်ကို သူများမမြင်အောင် ပြုလုပ်မည်ဆိုပါက....





ပထမအဆင့်
အထက်ပါ ပုံအတိုင်း စက်သွားပုံ Options ဆိုတာကို နှိပ်လိုက်ပါ


ဒုတိယအဆင့်
အောက်ပါပုံအတိုင်း Turn Off Chat ဆိုတာကို နှိပ်လိုက်ပါ..





ဒါဆို မိမိသူငယ်ချင်းတွေက မိမိအကောင့်တတ်နေတာကို မမြင်တော့ဘူး...
တကယ်လို မိမိအနေနဲ့ လူရွေးပြောမယ်ဆို အောက်ပုံအတိုင်း ချက်ဘောက်ကိုမြင်တွေ့မှာဖြစ်ပါတယ်..
အဲဒီအထဲက မိမိပြောလိုသူကိုယ် ရွေးချယ်ပြီး ပြောလို့ရပါပြီ..

 



by ဖေ့ဘုတ်ဆိုင်ရာ နည်းပညာများ

Thursday, July 18, 2013

You Tube ဗွီဒီယိုတွေကို Mp-3အဖြစ်လျှင်မြန်စွာDownloadယူနည်း

ဒီနေ့တင်တာလေးကတော့MozilliaFirefoxကနေYouTubeသီချင်း/ဗွီဒီယိုတွေကိုMp-3အဖြစ်လျှင်မြန်စွာDownloadယူချင်တဲ့ဘလော့မိတ်ဆွေတွေအတွက်ပါ။
အောက်မှာInstallလုပ်ရမယ့်လင့်ခ်နဲ့နမူနာကြည့်လို့၇အောင်ပုံလေးပြထားပေးပါတယ်။ကြိုက်ကြမယ်လို့လဲမျော်လင့်ပါတယ်။အခုတလောအလုပ်များနေလို့
ဘာမှမတင်နိုင်တာနားလည်ပေးကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ပါတယ်။Commentsနဲ့အီးမေးလ်ကနေလာမေးကြတဲ့ဘလော့မိတ်ဆွေအားလုံးကို
လည်းကျနော်အားရင်တခုမကျန်ပြန်ဖြေပေးသွားမှာဖြစ်ပါတယ်။

ဒီမှာ Install လုပ်ပေးလိုက်ပါ။



မူရင်းလင့်ခ်ဒီမှာ-https://addons.mozilla.org/en-US/firefox/addon/youtube-mp3/


Credit to KP3

Wednesday, July 17, 2013

Gallery Pro v1.1 For Android

Android ဖုန်းကိုင်ဆောင်သူတွေအတွက် ဓါတ်ပုံနဲ့ ဗီဒီယို ဖိုင်တွေကို ကြည့်ရှုနိုင်ဖို့အတွက် Gallery Pro apk ပါ
ဓါတ်ပုံတွေကြည့်ရှုရုံတင်မကဘဲ ( crop , rotate , delete )တွေပါလုပ်နိုင်ပါတယ်….ဒါ့အပြင်မိမိ သိမ်းဆည်းထားတဲ့ ဓါတ်ပုံ၊ဗီဒီယိုတွေကို
geo tag …… time taken နည်းတွေနဲ့အလွယ်တကူရှာဖွေနိုင်တဲ့အပြင် ဓါတ်ပုံတွေကို Hideလုပ်လို့ရသလို , Slid show တွေပါပြုလုပ်နိုင်ပါသေးတယ်…..

၂၃၄
၅၆၇
Gallery Pro လေးကိုစမ်းသပ်သုံးစွဲချင်သူတွေအောက်မှာယူပါ………
images11155

Root ဆိုတာဘာလဲ..Android ကိုဘာကြောင့် Root လုပ်ကြတာလဲ..






Android မှာ root လုပ်တာဆိုတာ ဘာလဲ …… ?

ပထမဆုံးအနေနဲ့ Android မှာ root လုပ်တာဆိုတာဘာလဲ တာကို အလွယ်တကူရှင်းပြထားပါတယ်။
root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။
Android OS က linux အသုံးပြုေ၇းသားထားတဲ့ system တစ်ခုပါ။
” Root ” ရဲ့သဘောတရားက သင့်ရဲ့ device ကို “Superuser” ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။
သင့်ရဲ့ Android Software မှာ permissions ရအောင်ပြုလုပ်တာပါ။
root လုပ်ပြီးတာတဲ့ user အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊ စွမ်းရည်မြင့်တင်ထားတဲ့
custom software (ROM) ၊custom themes , Performance ၊ battery life တွေရဲ့
အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။
အခြေံအားဖြင့် သင့်ရဲ့ Android device ကို ” Hacking ” ပြုလုပ်တာပါ။
root လုပ်ပြီးတာနဲ့ မိမိဖုန်းကို administrator အနေနဲ့ system တခုလုံးကို အပြည့်အဝ
အသုံးပြုနိုင်သလို လိုအပ်သလိုလဲပြုပြုနိုင်ပါတယ်။
ဥပမာအနေနဲ့ နိုင်းယှဉ်ပြရရင် apple iPhone ရဲ့ iOS ကို jailbreak လုပ်တဲ့ အလားအလာ ပုံစံနဲ့အတူတူပါပဲ။
Root လုပ်လိုက်တဲ့အတွက် သင့် ၀ယ်သုံးတဲ့ Android device ရဲ့ manufacturers or mobile operators
တွေက တစ်စုံတစ်ခုအတွက် အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။
ပြီးတော့ Root လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ မလုပ်နိုင်ပါဘူး။
ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ service တွေကိုအသုံးချဖို့ သင့် root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင် သင့်ပြုလုပ်နိုင်ပါတယ်။
အခုလို root user အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို root ပြုလုပ်ရတဲ့ အစီအစဉ်ကို
Android rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။
သင့်ရဲ့ဖုန်းကို Root မလုပ်ခင် သတိထားရမဲ့အချက်
သင့်ရဲ့ဖုန်းကို root မလုပ်ခင်မှာ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေဖတ်ထားဖို့လိုပါတယ်
၁. သင့်ရဲ့ဖုန်းက Warranty void ဖြစ်သွားပါမယ်။
၂. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် ဘာကြောင့်သင့်ရဲ့ဖုန်းကို root လုပ်ချင်တာလဲစတဲ့
သင့်ကိုယ်တိုင်ယုံကြည်စိတ်ချမူရှိဖို့လိုပါပါတယ်။
၃. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် သေချာတဲ့ သင့်ဖုန်းနဲ့ ပတ်သက်တဲ့ root လုပ်နည်း
guide ရှိဖို့လိုပါတယ်။
သင့်ဖုန်း မော်ဒယ်အမျိုးအစားကြည့်ဖို့အတွက် အလွယ်တကူကြည့်နည်းက ဖုန်းရဲ့
အပေါ်ယံကာဘာ (သို့မဟုတ်) အများအားဖြင့် ဘတ်ထ္ထရီအောက်မှာ ရှိပါတယ်။
၎. root လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး ၊ အဆင့်တွေကို ၂ခါပြန်စစ်ပေးပါ။
၅. root မလုပ် မိမိဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ datas တွေကို backup လုပ်ထားပေးပါ။
Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ

1. Total control over system
root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။
root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို
တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။
( ဥပမာ : Android phone / tablet ကို root လုပ်ပြီး
system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )
2. Remove Unwanted apps
ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။
တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့
phone memory ကိုအလဟဿဖြစ်စေပါတယ်။
ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့
applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။
3. Change Themes
ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။
နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။
ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက
ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့
သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။
4. Backup Whole System
Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာ
သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။
အထူးသဖြင့် new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့် backup လုပ်ထားပြီး
SD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?
OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။
သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ ” image ” ရှိလို့ပါ။
သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။
5. Installing Special Applications
Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications
တွေကို သင့် install ပြုလုပ်နိုင်ပါတယ်။
( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )
အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိုင်ပါတယ်။
6. Install New ROM , Interference
သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)
အခြား New Rom အသစ်သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကို
ချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့
ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူရှာဖွေနိုင်ပါတယ်။
အခုဆိုရင် Android developers တွေအများအပြားရှိပါတယ်။
ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်း
အနည်းအကျဉ်းသဘောပေါက်လောက်ပါပြီ။
အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။

Hosting ဆိုက်တွေက ဖိုင်တွေကို စောင့်စရာမလိုဘဲ ဘယ်လို Download လုပ်ကြမလဲ

  • http://upload9.fileflyer.com/filefetch ကိုသွားပါ
  • အဲ့မှာ အဆင့်သုံးဆင့်ရှိပါတယ် . Enter the URL of the file you would like to upload: ဆိုတဲ့အကွက်မှာတော့ မိမိ Download လုပ်မယ့် ဖိုင်ရဲ့ URL address ကိုထည့်ရပါမယ်။ Enter your email address to receive a notification when the file is uploaded: ဆိုတဲ့အကွက်မှာတော့ မိမိ email လိပ်စာပေါ့. နောက်ဆုံးတစ်ချက်ကတော့ I agree to Terms of Service ဆိုတဲ့နေရာလေးကို အမှန်ခြစ်လေးခြစ်ပေးပြီးတော့ Fetch ကို နှိပ်ပေးလိုက်ပါ .
  • မကြာခင်မှာ မိမိထည့်လိုက်တဲ့ email လိပ်စာထဲကို Download လုပ်ဖို့ link ၀င်လာပါ့မယ် . ၀င်လာမယ့်ပုံစံက
  • You can click on the following link to retrieve your file: http://www.fileflyer.com/view/gNChjBO
  • အဲ့လိုဝင်လာမှာပါ . အောက်က http://www.fileflyer.com/view/gNChjBO ဆိုတာ မိမိ Download လုပ်မယ့် Link ပါပဲဗျာ . အဲ့ဒီ့ Link လေးကိုနှိပ်ပြီး Download ကိုသာရွေးပေးလိုက်ပါ .

4 Shared မှ Download လုပ်နည်း


4shared ဟာလဲ ဖိုင်တွေကို share ပေးဖို့အတွက် download ထုတ်ပေးတဲ့ file hosting ဆိုက်တစ်ခုပါပဲ .. သူနဲ့ဘယ်လို download လုပ်မလဲဆိုရင် အောက်မှာပုံနှင့်ပြထားပါတယ် .. တတိယအဆင့်ကိုနှိပ်ပြီးတာနဲ့ download လုပ်နေတာကို တွေ့ရပါလိမ့်မယ် . 
ပုံတွေသေးနေလျှင် ပုံကို Click ပြီးတော့ကြည့်ပါ

Credit to ညီနေမင်း

Mediafire မှ Download လုပ်နည်း

ကဲစရအောင် အရင်ဆုံး ဒီကို နှိပ်လိုက်ပါ. အောက်ကပုံတွေသေးနေရင် ပုံကိုနှိပ်လိုက်ပါ ပုံကြီး ထွက်လာပါ လိမ့်မယ်.
  • ရလာတဲ့ link မှာ ပုံထဲကအတိုင်း mediafire နဲ့ Download လုပ်မှာ ဖြစ်တဲ့အတွက် mediafire ဆိုတဲ့ စာတမ်းကို နှိပ်လိုက်ပါ..

  • ပြီးရင် http://adf.ly ဆိုက်ကို ရောက်သွားပြီး ပုံထဲကအတိုင်း ၅ စက္ကန့် စောင့်ပေးပါဆိုတဲ့ စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်  . အဲ့တော့ ၅ စက္ကန့် စောင့်နေလိုက်ပါ.












  • ၅ စက္ကန့် ပြည့်သွားတာနဲ့ အောက်က ပုံအတိုင်း Skip AD ဆိုတဲ့ စာတမ်းပေါ်လာ ပါလိမ့်မယ်. အဲ့ဒီ့ပေါ်လာတဲ့ စာတမ်းလေးကို နှိပ်လိုက်ပါ. 














  • အဲ့ဒါဆိုရင် Mediafire ဆိုက်ထဲကို ရောက်သွားပါလိမ့်မယ်. အဲ့မယ် ပုံထဲကအတိုင်း click here to start download from mediafire ဆိုတဲ့ အပြာရောင် စာတမ်းကို နှိပ်လိုက်ပါ.














  • အခုလိုမျိုး Download link တန်းပြီး ကျလာပါလိမ့်မယ် internet download manager တင်ထား သူများ အောက်ကပုံအတိုင်း ကျလာရင် Start Download ကိုနှိပ်လိုက်တာနဲ့ သူ့ဟာသူ Download လုပ်နေပါလိမ့်မယ်. internet download manager မတင်ထားသူများကျတော့ ရိုးရိုး Save box လေးပေါ်လာပါလိမ့်မယ်. ပေါ်လာတဲ့ box က save file ကို နှိပ်ပြီး Download လုပ်လိုက်ပါ..










Credit to ညီနေမင်း

Facebook တွေသုံးတဲ့အခါ ကိုယ် Liked ထားတဲ့ဟာတွေ ဖွက်ထားနည်း



အသိတစ်ယောက်က အခုလို လုပ်ချင်နေတာနဲ့  လုပ်ပေးကြည့်လိုက်တာ မိုက်တယ်ဗျ

ဟုတ်တော့ဟုတ်တယ်နော ။ ကိုယ့်သူငယ်ချင်းက  မိန်းကလေးတစ်ယောက်ဖြစ်တယ်

သူ့ စာမျက်နှာသွားပီးကြည့်လိုက်  သူ like လုပ်ထားတဲ့ဟာတွေက Sexy Page တွေ

ကိုယ့်သဘောနဲ့   ကိုယ်ဆိုပေမယ့်လည်း  သူများမြင်တော့ မကောင်းဘူးထင်ပါတယ်

Like လုပ်တယ်ဆိုတာကကိုယ်သဘောကျ ကြိုက်နှစ်သက်တဲ့  Page ကိုပဲ လုပ်တာ

ဒါနဲ့ ကျနော်လည်း  သူငယ်ချင်းတွေဆီလျှောက်သွားပီး ဘယ်သူက  ဘယ်လိုဟာတွေ

Like လုပ်ထားလဲကြည့်ကြည့်တယ် ။ စပ်စုကြည့်တာပေါ့  အခုတော့   စပ်စုမရအောင်

ကျနော်ပိတ်ထားလိုက်တယ် ။ ဒါဆို အခုကျနော့စာမျက်နှာလာကြည့် မမြင်ရတော့ဘူး

ကျနော်   ဘယ်လိုဟာတွေ   Like လုပ်ထားလဲ  သူများကြည့်မရတော့ဘူး  ဖွက်ထားပီ

တိတ်တိတ်လေးနဲ့  ဖလမ်းဖလမ်းထတာပေါ့ ။ ဆိုတော့ကာ  သူငယ်ချင်းတွေထဲမှာလဲ

အခုလို ဖျောက်ထားချင်တယ် သူများကိုမသိစေချင်ဘူးဆိုရင်   ဖွက်ထားလိုက်ကြပေါ့

ကိုယ့်သူငယ်ချင်း ဘယ်သူတွေဆိုတာမသိစေချင်ရင် ကိုယ့်သူငယ်ချင်းဘယ်လောက်

မသိစေချင်ရင်လည်း  ဖျောက်ထားလို့ ရတယ် လျှိုဝှက်သိုသိပ်စွာ နေထိုင်းနည်းလေး

တစ်မျိုးပါပဲ ။ တချို့ ကောင်မလေးတွေ  Sexy Page တွေ  အများကြီး Like တယ်ဗျ

ပြောတော့ မပြောပါဘူး  ။  ဘယ်သူတွေ ဘာ Like လည်း   ပတ်မွှေကြည့်လိုက်တာ

ကဲ ..အမွှေမခံချင်  ၊ သူများမသိစေချင်ရင်  ဖျောက်ထားလိုက်တော့   အေးဆေးပါပဲ

1 - like ထားတဲ့ဟာတွေရဲ့ ညာဘက်အပေါ်နားမောက်စ် တင်ပီးနှိပ်လိုက်



2 -  Edit Privacy ထဲဝင်ပီး အကုန်လုံး Only me ပြောင်းပေးလိုက်ရင်ရပြီ

Credit to - http://www.zwmnna.com/2013/06/facebook-liked.html

Facebook မှာတခြားအပြင်လူများ Fri Request Button မမြင်ရအောင်ဖျောက်နည်း

အောက်မှာ ပုံလေးတွေ နဲ့ ပြပေးထားပါတယ်.... ကြည့် ပါ... မြားထိုးထားတဲ့ နေရာလေးတွေကို Click ပေးပါ..

အောက်က ပုံလေးတွေက တော့ PC သမားများအတွက်ဖြစ်ပါတယ်..


 အပေါ်မှာ ပြပေးထားတဲ့ ပုံအတိုင်း Who can contact me? ရဲ့ ဘေးနားက အောက်စိုက်နေတဲ့ မြားလေးကို

Click ပါ... အောက်က ပုံ လို မြင်ရပါလိမ့်မယ်...




ဒီနေရာရောက်ရင် Everyone ကို Click လိုက်ရင် အောက်ကလို ပေါ်လာပါလိမ့်မယ်...


အဲ့ဒီ့မှာ Friends of Friends ကိုရွေးပေးလိုက်ပါ... ကိုယ် လုံးဝ မသိတဲ့ သူတွေ ကိုယ့်ကို Add လို့ မရတော့ပါဘူး...

  Mobile User တွေ အတွက်ပါ..

အောက်မှာပြပေးထားတဲ့ ပုံလေးအတိုင်း မျဉ်းသုံးကြောင်းပုံလေးကို Tap လိုက်ပါ...


 Settings & Privacy ကို ထပ် Tap ပါ...



 Privacy ကိုဝင်ပါ...အောက်မှာပုံပြပေးထားပါတယ်...



Who can send you friend requests? ကိုဝင်ပါ...



အောက်ကအတိုင်း Friends of Friends ကို Tap လိုက်ပါ... ထိလိုက်ပါ... ရပါပြီ..


ကဲ အားလုံးအောင်မြင်ပြီးဆုံးပါပြီ...

Credit to သန်းတိုးအောင်